About Xiaomi Myanmar Font

အခုတလောဖြစ်နေတာတွေကတော့ TTA Font app လေးကို သုံးပြီး သူ့ထဲပါတဲ့ Font design လေးတွေကို သုံးကြတယ်။ ဖုန်းက Deep Sleep ကနေပြန်ပြီးတော့ Screen ON လာချိန်ဖြစ်ဖြစ်၊ Reboot လုပ်လိုက်ချိန်မှာဖြစ်ဖြစ် ပြန်တက်လာရင် Themes, Fonts တွေက Default ဖြစ်သွားရော..သည်ကိစ္စတွေပြေလည်ဖို့က Xiaomi ကခွင့်ပြုထားတဲ့ Official နည်းအတိုင်း Myanmar font ကိုထည့်သွင်း အသုံးပြုရုံပါ။  အဲလိုတွေလုပ်နိုင်ဖို့ နံပါတ်တစ် Mi Account လိုပါတယ်။ ဘယ်လိုလုပ်တယ် မပြေတော့ပါ။ သည်နေရာမှာ  ဖတ်ပြီး မိမိကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဖြစ်နိုင်ရင်ကိုယ်တိုင်လုပ်ပါ။ Password ကိုသေချာမှတ်ထားပါ။  ပြီးရင် Mi Account Sign In ၀င်ထားလိုက်ပါ။ ကိုယ့်ဖုန်းက ဘယ် rom သုံးနေလဲဆိုတာ Settings->About Phone မှာ MIUI Version နေရာကြည့်ပါ။ Global ဆိုတဲ့စာသားမပါရင် အဲသည် rom ဟာ China rom ပါပဲ။ ပုံ (၁) ကိုကြည့်ပါ။  အဲသည်မှာက Global ဆိုတဲ့စာသားလေးပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတာ Global ROM ပါ။
.
ကဲ.. China ROM (MIUI Version နေရာမှာ Global စာလုံးမပါ) သမားတွေက ဘာလုပ်မလဲဆိုတော့ သည်မှာပေးထားတဲ့ Font link လေးနှစ်ခုထဲက တစ်ခုခုကိုဒေါင်းထည့်လိုက်ရုံပါ။ Link ကိုနှိပ်ရင် Themes ထဲကိုရောက်မယ်။ Download ဆိုတာနှိပ်မယ်။ ပြီးရင် Reboot ဆိုတာနှိပ်မယ်။ အဲဒါဆို အဆင်ပြေပါပြီ။
.
Myanmar Font by Designer Moe Thitt Nyo
==========================
Myanmar Font by Designer Linn Han
=======================
Global ROM တင်ထားသူတွေကတော့ Settings->Additional Settings->Region မှာ Myanmar (Burma) ဆိုတာရွေးထားပါ။ ပုံ -၂ ကိုကြည့်ပါ။ ပြီးရင် Themes ထဲကိုဝင်ပါ။ Themes, Wallpaper ဆိုတဲ့စာသားခေါင်းစဉ်လေးတွေ ဘယ်ဖက်ဆုံးက လူပုံလေးကိုနှိပ်ပါ။ Font ဆိုတာနှိပ်ဝင်ပါ။ ZawgyiX1 ဆိုတာရွေးပါ။ Reboot လုပ်ခိုင်းရင် လုပ်လိုက်ပါ။ အဆင်ပြေပါပြီ။ ပုံ - ၃ ကိုကြည့်ပါ။
.
အပေါ်မှာပြောခဲ့သလို Font ကိုထည့်ပြီးရင် Browser မှန် မှား ဆိုတဲ့ကိစ္စက မှန်တဲ့ MIUI ROM version  မှာဆို မှန်ကို မှန်ပါပြီ။ (Zawgyi font နဲ့ရေးထားတဲ့စာတွေကိုပြောတာနော်..)။ Browser ဆိုတာကလည်း ဖုန်းမှာ တစ်ပါတည်းပါတဲ့ Browser app ကိုပြောတာနော်။ လူကြီးမင်းတို့ပြောသလို သည် font လေးထည့်လိုက်.. ရသွားမယ် ဆိုတာတွေက မဟုတ်ပါ.. မရတဲ့ MIUI ROM version နဲ့ Browser မှာ ရကို မရပါ။ ပုံ - ၄ ကိုကြည့်ပါ။ Redmi Note 4 Global MIUI 8.2 နဲ့ပါ။ ROM မှာပါပြီးသား ZawgyiX1 ပဲသုံးထားတာပါ။ Browser မှာ Zawgyi font သုံးပြီးရေးထားတဲ့ web site မှာ သူ့ဟာသူကို မှန်နေပါတယ်။  လူကြိးမင်းများပြောသလို ဟို Font လေးထည့်.. သည် Font လေးထည့်ဆိုပြီးသုံးတာလဲ မဟုတ်ပါ။ Global ROM မှာ ပါပြီးသား ZawgyiX1 ကိုပဲသုံးထားတာပါ။ ကျနော်မှတ်မိတာတစ်ခုက Redmi Note 4 Global MIUI 8.0 တုန်းကလောက်နဲ့တူပါတယ်။ Version တစ်ခုမှာ ခုလိုသုံးတာ လုံးဝမမှန်ပါ။ အခြား ဘယ် Browser နဲ့မှာမှလည်း မမှန်ပါ။ ဘာ Font ချိန်းချိန်းမရပါ။ သည်တော့ Browser မှာ Font မှန်တယ် မမှန်ဘူးဆိုတာ သည်လို သဘာဝလေးတွေကို နားလည်ထားပါ။
.
သည်တော့ အပေါ်ဆုံးမှာ ပြောတဲ့အတိုင်း Font ထည့်ခဲ့တယ်။ Browser မှာလုံးဝမမှန်ဖြစ်နေတယ်ဆိုရင်  သည်Browser လေးကိုသုံးပြီး မိမိဖတ်ချင်တဲ့ Zawgyi font နဲ့ရေးထားတဲ့ web site တွေကို ဖတ်နိုင်ပါတယ်။
.
ဒါမှမဟုတ် အောက်ပါ link တွေကနည်းကိုသုံးပြီး Firefox Browser ကို Tagu addon လေးထည့်သုံးရင် ဖုန်းမှာ မြန်မာစာ font မရှိတောင် Zawgyi font နဲ့ရေးထားတာဖြစ်ဖြစ်.. Unicode font နဲ့ရေးထားတာဖြစ်ဖြစ် Myanmar web site တွေကို အဆင်ပြေပြေ ဖတ်နိုင်ပါတယ်။
.
Link 1
.
Link2
.
ကဲ.. Browser အတွက်တော့ ပြေလည်ပြီ….။ Facebook ကြည့်ရင်း web site link တွေဖွင့်တယ်။ FB app ရဲ့ သဘာဝက သူ့ app ထဲပါတဲ့ Web View နဲ့ပဲ web site တွေကိုဖွင့်ပါတယ်။ အဲသည်မှာ စာမမှန်တာတွေဖြစ်လာပြန်ရော…။  အထက်မှာပြောခဲ့သလို Browser မှန်အောင်လဲလုပ်ထားတာ.. FB မှာ link နှိပ်ရင် မမှန်တာက အနည်းငယ်သော Trick လေးလိုအပ်လို့ပါ။ link နှိပ်တာနဲ့ FB ထဲမှာပဲပွင့်တာဆို ညာဖက်အပေါ်ဆုံးမှာ SHARE ဆိုတာဘေးက အစက်လေးသုံးစက်နှိပ်.. ကျလာတဲ့ Menu က Open in Browser ဆိုတာရွေးရင် Browser မှာမှန်အောင်လုပ်ထားတဲ့ MIUI ROM ကမှန်ပါပြီ။
.
Browser မှာလဲ မှန်အောင်လုပ်ထားပြီ။ FB ထဲကနေ link နှိပ်တာနဲ့ ကိုယ်မှန်အောင်လုပ်ထားတဲ့ သုံးချင်တဲ့ browser တစ်ခါတည်းတန်းပွင့်လာအောင်လုပ်ချင်ရင်ကတော့ FB Settings->App Settings->Links open externally ဆိုတာလေးကို FB ထဲမှာ ON ပေးထားပါ။ အဲဒါဆို link နှိပ်တာနဲ့ ဖုန်းက Browser ပွင့်လာပြီး zawgyi font တွေမှန်မှာပါ။
.
သည်လောက်ဆို မြန်မာ Zawgyi font နဲ့ပတ်သက်ပြီး အဆင်ပြေ သဘောပေါက်လောက်ပြီထင်ပါတယ်။  China ROM မှာ Font နှစ်ခုပဲဒေါင်းသုံးနိုင်တယ်။ Global ROM မှာ ပါပြီးသား ZawgyiX1 ပဲသုံးနိုင်တယ်(ဒါလဲ MIUI 8 မှ)။ မိမိစိတ်ကြိုက် Font design လေးတွေသုံးချင်တယ်ဆိုရင်တော့ Xiaomi ရဲ့ Official Support ဖြစ်တဲ့ မိမိ Mi Account ကို Designer Account ဖြစ်အောင် လျှောက်ထားပြီး မိမိစိတ်ကြိုက် Font mtz file တွေ import လုပ်ပြီးသုံးတာပါပဲ။ Designer Account ဘယ်လိုလျှောက်မယ်ဆိုတာ သည်မှာ လေ့လာပြီးလုပ်ပါ။ ဘာမှလဲမခက်ခဲပါ။ မြန်မာလိုဆိုရရင် လျှောက်လွှာလေး ဖြည့်ပေးထားလိုက်တဲ့သဘောလေးပါ။  လျှောက်ထားတာကို လက်ခံသွားပြီဆို တစ်ပတ်လောက်မေ့မေ့ပျောက်ပျောက်နေလိုက်ပါ။ ပြီးတာနဲ့ mtz font, themes တွေ import လုပ်ပြီး apply လုပ်ရုံပါ။ အချို့ပြောကြတဲ့ mail ကိုစစ်ပြီး link နှိပ်ပါဆိုတာ သွားဖွင့်ကြည့်စရာတောင်မလိုပါ။ Xiaomi က approved ဖြစ်သွားချိန်မှာ ကိုယ်လုပ်ချင်တာလုပ်လို့ရပါပြီ။ သာမာန်အားဖြင့် ငါးရက် တစ်ပတ်ဆို approve ဖြစ်တတ်လို့ တစ်ပတ်လောက်နေရင် ကိုယ်ဒေါင်းထားတဲ့ Themes, Fonts mtz တွေ import, apply လုပ်ကြည့်ပါလို့ပြောတာပါ။ အချို့ကတော့ နှစ်ပတ်လောက်ကြာတတ်ပါတယ်။ ဒါဆိုရင် မိမိစိတ်ကြိုက် English စာလုံး၊ Myanmar စာလုံးပါ font လေးတွေသုံးနိုင်ပါပြီ။
.
ကျနော်လုပ်ထားပြီး share ပေးခဲ့ဖူးတဲ့ font လေးတွေပါ။ Designer Account ရပြီးလို့ အသုံးပြုချင် သုံးနိုင်ပါတယ်။
.
အရင်ကလုပ်ပေးခဲ့ဖူးတဲ့ Simple Zawgyi Font 31 ခုပါ။
ခုနောက်ပိုင်းမှ ထပ်လုပ်ထားတဲ့ Zawgyi Redefined Font 8 ခုပါ။
.
Xiaomi Fans တစ်ယောက်ဖြစ်တဲ့ Bro Ye Yint ရဲ့ mtz font files တွေလဲ Group ထဲမှာ Share ပေးထားတာရှိပါတယ်။ အချို့ ပြန် ပြန် share ပေးကြပါတယ်။ သူလုပ်ထားတဲ့ Font Design အလှလေးတွေလဲ အသုံးပြုနိုင်ပါတယ်။ အခြား Fans တွေ လုပ်ပေးလေ့ရှိတဲ့ mtz font လေးတွေလဲရှိပါတယ်။ တွေ့ရင် ဒေါင်းထားလိုက်ပါ။ သုံးလို့ရချိန် သုံးကြည့်နိုင်ပါတယ်။
.
Mtz files တွေဒေါင်းပြီး ဘယ်လို Import လုပ်ရမယ်.. Apply ရမယ်ဆိုတာ သည် pdf ကိုဖတ်ပါ။
.
နောက်ပြဿနာကတော့ Global ROM မှာ Region မှာ Myanmar (Burma) ရွေးထားရက်နဲ့ Themes ထဲက လူပုံလေးနှိပ်ဝင်ရင် Fonts မတွေ့တာပါ။ ဗူးဖောက်ကထည်းက Global ROM နဲ့လာတဲ့ဖုန်းတွေမှာ သည်ပြဿနာ မရှိပါ။ China ROM ကနေ BLU မလုပ်ရသေးပဲ Global ROM ကို Flash tool နဲ့ပြန်ချိန်းတဲ့ အချို့ဖုန်း model တွေမှာဖြစ်တတ်ပါတယ်။  အဲသည်ဟာတွေကတော့ ထိပ်ဆုံးနားမှာပေးခဲ့တဲ့ Myanmar Fonts for Mi Beginners ဆိုတဲ့ blog post ထဲကအတိုင်း Quick Shortcut Maker app ကိုသုံးပြီး Font Shortcut ထုတ်ပါ။ Font List ပေါ်လာပါမယ်။ မိမိသုံးချင်တဲ့ Font mtz file ကို Designer Account နဲ့ထည့်ပါ။
.
TTA Font app က ကျနော်တို့ Fans တွေလုပ်ပေးခဲ့တဲ့ font တွေထဲက Developer က သူနှစ်သက်ရာလေးတွေကို စုပြိး အလွယ်သုံးနိုင်အောင်လုပ်ပေးထားတာပါ။ သူ့အနေနဲ့ Designer Account မလိုပဲ မိမိနှစ်သက်ရာသုံးလို့ရအောင် လုပ်ထားရတော့ အချို့သော Themes Authorization ပိုင်းတွေမှာ MIUI ROM ကလက်မခံလို့ ဖုန်း reboot တာနဲ့ Themes, Fonts တွေ Default ပြန်ပြန်ဖြစ်ပြီး ပြန်ချိန်းပေးရတဲ့ အားနည်းချက်လေး ပါနေတာပါ။ အခြားသူတွေပေးထားတဲ့ Font mtz လေးတွေလဲ ဒေါင်းဖို့မတွေ့ဘူး..။ TTA app ထဲမှာပါတဲ့ font လေးတွေကိုပဲသုံးချင်တယ်ဆိုရင် Designer Account ရှိရင် အဆင်ပြေပါတယ်။ မိမိနှစ်သက်ရာ Themes ကို ချိန်းထားလိုက်ပါ။ မိမိနှစ်သက်ရာ TTA Font ထဲကတစ်ခုကိုရွေးပြီး Apply ထားလိုက်ပါ။ စိတ်ကြိုက်ဖြစ်နေပြီဆို Themes ထဲဝင်…. ထုံးစံအတိုင်း Themes, Wall Papers… စတဲ့ခေါင်းစဉ်တွေ ဘယ်ဖက်ဆုံးက လူပုံလေးနှိပ်…. Customized Thems ဆိုတာထဲဝင်ပါ….. အောက်ဆုံးမှာ Backup Themes ဆိုတာလေးနှိပ်ပါ.. Msg box တစ်ခုပေါ်လာရင် Backup ဆိုတဲ့ Button နှိပ်ပါ။ ပြီးရင် Local Themes Lists ထဲမှာ ခုနက Backup လုပ်ထားတဲ့ Theme backup ဆိုတဲ့ဟာလေးကိုရွေးပြီး Apply လုပ်ထားလိုက်ပါ။ အဲဒါဆို TTA ထဲက Font ကိုသုံးပြိး Default မဖြစ်တော့ပါဘူး။ မှတ်ထားရမှာက မိမိ Mi Account က Designer Account ဖြစ်နေရပါမယ်။ အဲလို DA နဲ့ Backup Themes လုပ်သုံးရင် TTA Font Style သုံးလည်း အဆင်ပြေပါပြီ။
.
နောက်ဆုံးသိထားဖို့ တစ်ခုကတော့ Youtube, SMule, Gmail, သတင်း APKs တွေ.. စတဲ့ app တွေမှာ မြန်မာစာ Zawgyi font တွေ အစုံမှန်နေဖို့ကတော့ TWRP or ROOT method တွေနဲ့ ဖုန်း system fonts တွေမှာ မြန်မာစာ (Zawgyi) ပါပြီးသား font files တွေနဲ့ချိန်းထည့်မှရပါမယ်။ အပေါ်မှာပြောခဲ့တဲ့နည်းတွေနဲ့ ကြိုက်ထဲ့ Font ကိုသာထည့်။ ဖုန်း Storage သာပြည့်သွားမယ်။ မမှန်ပါ။ Zawgyi font ကို system font အနေနဲ့ဖြစ်စေ.. အထက်မှာပြောခဲ့သလို Theme font အနေနဲ့ဖြစ်စေ ထည့်သုံးနေရင် Unicode font ကိုပဲ By force သုံးတတ်တဲ့ Chrome browser, WiKi လို app တွေမှာ မမှန်ပါ။
.
သည်လောက်ဆို Font သဘာဝတွေ၊ Font ပြဿနာတွေ ပြေလည်ပြီ၊ သဘောပေါက်နားလည်ပြီ ယူဆပါတယ်။ စာရှည်သွားရင်တော့ သည်းခံပါ။ :D :D :D
.
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ….။ :) :)
Weitten By Thet Zaw Ko





No comments:

Powered by Blogger.