Honor H30-U10 Deatboot ပြန်ကယ်နည်းပါ (1.1.2017)
Honor 3C (H30-U10) အတွက် S_BROM_DOWNLOAD_DA_FAIL (2004) ERROR ဖြေရှင်းနည်း
*******************************************************************************
*******************************************************************************
ဒီပြသနာမျိုးကိုတော့ ဒီတစ်ခါပဲကြုံဖူးသေးတာဖြစ်ပါတယ်။ ဖြစ်သွားပုံကို မေးမြန်းတဲ့အခါမှာ Firmware တင်တဲ့အချိန်မှာ IMEI Null သွားတယ်လို့ဆိုပါတယ်။ IMEI ကို Fix လုပ်တာမျိုးမဟုတ်ဘဲ Firmware အမျိုးမျိုးကို ကောင်းနိုး ကောင်းနိုးတင်လိုက်တဲ့အခါမှာတော့ ဖုန်းဟာ Bricked ဖြစ်သွားပါတော့တယ်။
၁။ ဖုန်းကိုဖွင့်လိုက်ရင် Vibrator ပဲတုန်ပြီးတော့ power မပွင့်ပါ။ Power မပွင့်တဲ့အတွက် Dload ကနေ Update.app နဲ့လည်း တင်လို့မရပါဘူး။
၂။ ဒီတော့ ဒုတိယနည်းလမ်းအနေနဲ့ Flashtool နဲ့တင်ဖို့ကြိုးစားပါတယ်။ ဒါလည်းပဲအဆင်မပြေပါဘူး။ Flashtool နဲ့ရေးလိုက်တဲ့အခါတိုင်း S_BROM_DOWNLOAD_DA_FAIL (2004) ကို ပဲတွေ့နေရပါတယ်။
၃။ အဲဒါကိုဖြေရှင်းဖို့အတွက် Secro Partition ကို Flashtool Version v3.1332.0.187 နဲ့ ရေးဖို့ကြိုးစားပေမယ့်လည်း မအောင်မြင်ပါဘူး။ ဒီအတိုင်းပဲ S_BROM_DOWNLOAD_DA_FAIL (2004) ပဲဆက်ဖြစ်ပါတယ်။
ဒီနည်းကတော့ အလုံးတော်တော်များများမှာ အဆင်ပြေပါတယ်။ အကျယ်သိချင်ရင် http://www.myanmarmobileapp.com/2014/08/26/honor-3c-mt6582-%E1%80%99%E1%80%BD%E1%80%AC%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%9C%E1%80%B7%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%9E%E1%80%AC-flashtool-error-2004-repair/ မှာဖတ်ပါ။ (Credit to Phyo Nyi Nyi)
၎။ အဲတော့ စဉ်းစားပါတယ်။ Honor 3C မှာ Version 2 မျိုးလာပြီးတော့ International မှာ Bootloader ပါပါတယ်။ ဒီတော့ Bootloader မိတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကံဆိုးချက်က Bootloader ကို Unlock လုပ်ဖို့ဆိုရင် Fastboot Mode ရောက်ဖို့လိုအပ်ပါတယ်။ အခုက Fastboot ကိုအသာထား။ Power တောင်မပွင့်တဲ့အနေအထားဖြစ်နေတော့ :(
၅။ ဒီတော့ နည်းလမ်းရှာရင်းနဲ့ ဒီဟာလေးကို တွေ့ပါတယ်။ လုပ်လိုက်တော့ OK။ မလုပ်ခင် Flashtool V 3.1324.0.sn177 ကို Download လုပ်ထားပါ။
https://mega.nz/#!O8EgEaiD!AfYhT38uthWA1bez4afup6zFn3PiVVGpqv959KwhOiM
ပြီးရင် Honor3CBootUnlock ဆိုတာလေးကို ဒီက Download လုပ်ထားပါ။
https://mega.nz/#!GolQwSqL!H2WzMzQ8mmo8Z1yxNC2EBvJNG2_JhJ2XNdU3-5L1RPg
၆။ အကုန်ရရင်တော့ SP Flashtool ကိုဖွင့်ပြီးတော့ Honor3CBootUnlock ထဲက Scatter ဖိုင်လေးကိုထည့်ပါ။ အဲမှာ Preloader နဲ့ Sec_ro နှစ်ခုပဲပါပါတယ်။ အဲဒါပြီးရင်အပေါ်က DA DL All With Check Sum မှာအမှန်ခြစ်ပေးပါ။ ပုံကိုကြည့်ပေးပါ။
၇။ ပြီးရင် Windows Menu > Write Memory လေးကို ရွေးပေးလိုက်ပါ။ ပုံမှာလိုမျိုး Write Memory Tab လေးတစ်ခုပေါ်လာတာကိုတွေ့ပါလိမ့်မယ်။ အဲဒီ Write Memory Tab ကိုရွေးပါ။ Open Raw Data မှာ တစ်ချက်နှိပ်ပြီး တော့ preloader_huawei82_wet_jb5.bin ဖိုင်လေးကိုရွေးပြီး Open နှိပ်ပါ။
၈။ Memory Setting မှာ EMMC မှာရွေးထားပါ။ File Size မှာတော့ Begin Address (Hex) မှာ 0x00000800 လို့ရေးပါ။ Container Length (Hex) မှာ 0x0001B0EC လို့ရေးပါ။ အကုန်ပြီးသွားရင်တော့ Write Memory ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါတော့။
၉။ ဖုန်းကိုပါဝါပိတ် ကြိုးထိုး Flash tool စရေးပါမယ်။ (အဲ မှားလို့ ဖုန်းက ပါဝါမှ မပွင့်တာ ဒီအတိုင်းထိုး) Pass သွားရင်တော့ OK ပါပြီ။ ကြိုက်တဲ့ Firmware ကို ကြိုက်တဲ့ Flash tool နဲ့ပြန်တင်လို့ရသွားတာကိုတွေ့ပါလိမ့်မယ်။ ကြိုက်တဲ့ Firmware တင်ဆိုပေမယ့် Firmware မှားရေးမိရင်တော့ နောက်တစ်ခေါက် ပြန်လုပ်ပေါ့ဗျာ :D
၁၀။ Firmware ပြန်ရေးတာရယ် IMEI ပြန်ရေးတာရယ်က ကိုယ့်ဆရာတွေ သိပြီးသားမို့ မပြောတော့ပါဘူး။ အဆင်ပြေတယ်ဆိုရင် OK ပါ။
ကျွန်တော်လည်း ဒီက ရထားတာဗျား။ Original ကိုဖတ်ချင်ရင်လည်း ဖတ်ပေါ့
http://www.carbontesla.com/2014/08/guide-unlock-honor-3c-h30-u10-bootloader-using-sp-flash-tool/
Firmware Download Dead Fix >>H30 U10 vibrate and dead fix firmware
Test 100%
http://d-h.st/LBOD
Or
http://adf.ly/1Z7p33
Credit ပေး ပါတယ်
#Mynote


No comments: