MTK ဖုန်းများတွက် IMEI ပြန်ရေးနည်း
Newbie များအတွက်အဓိကရည်ရွယ်ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် MTK Devices တွေ IMEI ပျောက်ခဲ့ရင် ပြန်ဖြေရှင်းနည်းလေးပါ။
အရင်ကဖြေရှင်းတဲ့နည်းတွေက တစ်ခြားဖုန်းတစ်လုံးက nvram backup ကိုထည့်တာ Engineer Mode က
ရေးတာ MTK Droid Tool နဲ့ပြန်ရေးတာ Imei.exe ဘာညာဒေနဲ့ရေးတာ အဲလိုနည်းလမ်းများစွာနဲ့ဖြေရှင်း
ကြပါတယ် ဒါပေမယ့် ခုနည်းလောက် အဆင်မပြေဘူးးး Engineer Mode ကရေးတာတို့ MTK Droid ဘာညာ
တို့နဲ့ရေးတာတွေက Temporary ပဲရတယ် Factory Reset ချပြန်ပျောက်တာပဲ nvram backup ကိုထည့်တဲ့
နည်းကြတော့ imei အမှန်မဟုတ် အခုနည်းက Root လဲမလိုပါဘူး Permanent လဲဖြစ်တယ်
Imei အမှန်လဲရေးလို့ရမယ် ဒါအပြင် MTK Devices တော်တော်များများအကုန်လုံးနီးပါးကိုအဆင်ပြေပါတယ်။
အခုနည်းကိုအသုံးပြုပြီးဖြေရှင်းမယ်ဆို Tool တစ်ခုပဲလိုပါတယ်။ Maui META Tool ပါ အောက်မှာ
နောက်ဆုံးထွက် Version ၂မျိုးပေးထားတယ်
Maui META v9.1635.23 http://www.mediafire.com/file/y1tn2kklkxk5m1b/MauiMETA_exe_v9.1635.23_%28JojOe%29.rar
Maui META v9.1604.13 http://www.mediafire.com/file/3xh2al0j17wa6ji/MauiMETA_exe_v9.1604.13_%28JojOe%29.zip
MauiMETA_exe_v9.1604.13 က Installer ဖိုင်ပါ Install လုပ်ပီးမှသုံးလို့ရမယ်
MauiMETA_exe_v9.1635.23 က Zip ကို Extract လုပ်ပီးတာနဲ့သုံးလို့ရမယ်
ဒီ Maui META Tool နဲ့ Imei ပြန်ရေးဖို့အတွက် ကိုယ်ရေးမည့် ဖုန်းရဲ့သက်ဆိုင်ရာ
Database (BPLGUInfo....) ဖိုင်လိုပါတယ် database ဖိုင်ဘယ်ကရလဲဆိုတော့ တချို့
Engineer Firmware တွေမှာလည်းပါတတ်တယ် တချို့က လိုင်းပေါ်မှာ Upload ထားတာတွေရှိတယ်
ဒါပေမယ့်အခုနည်းမှာ ဘယ်ကမှာယူစရာမလိုဘူးဝေးဝေးလဲရှာစရာမလိုဘူးး IMEI ပျောက်နေတဲ့ ဖုန်းထဲတင်
ရှိတယ် အရင်ဆုံး အဲ့ Db ဖိုင်ထုတ်ကြမယ် လွယ်လွယ်လေးပါ db ဖိုင်က /system/etc/mddb/ အောက်မှာပါ
ဖုန်းကို USB Debugging On ပြီး Computer နဲ့ချိတ်ပါ adb Command သုံး ပြီး db ဖိုင်ဆွဲထုတ်ပါမယ်
သုံးရမယ့် Command က adb pull /system/etc/mddb/ ပါ အဲ့ Command နဲ့ ဆွဲထုတ်လိုက်ရင်
BPLGUInfo… လို့ပါတဲ့ database ဖိုင်ထွက်လာပါမယ် IMEI မပျောက်တဲ့ Model တူ အလုံးကောင်း
ထဲကထုတ်လို့လည်းရပါတယ် ဒါပေမယ့် တချို့ က Build Number ပေါ်လိုက်ပြီး Db မတူကြပါဘူး
Db မတူတော့ရေးလို့အဆင်မပြေပါဘူးး....
db ရပီဆိုစရေးပါမယ် ခုနကဒေါင်းထားတဲ့ Maui META Tool ကို ဖွင့်ပါ Option ခလုတ်နှိပ်ပီး Only Preloader
ကိုအမှန်ခြစ်ပါ ပြီးရင် Reconnect ကို နှိပ် Phone ကို Power ပိတ်ကြိုးထိုးလိုက်ပါ ပုံ ၂ ကြည့်
ပုံ ၃ မှာအနီနဲ့ပြထားသလို Total read တို့ Connect target successfully ပေါ်ပြီးဖုန်း က Logo
ရပ်နေရင် Meta Mode ၀င်နေပါပြီ
ပုံ ၃ IMEI Download ကိုနှိပ်ပါ ပုံ ၄ ကလိုပေါ်လာရင်
Change NVRAM Database ကိုနှိပ်ပြီးခုနက ဆွဲထုတ်ထားတဲ့ BPLGUInfo… ဆိုတာရွေးလိုက်ပါ
(စာကြွင်း Change NVRAM Database နှိပ်တဲ့အခါ ပုံ ၆ ကလိုပေါ်ခဲ့ရင် Yes နှိပ်ပီး db ကိုဖုန်းကနေတန်းယူသုံးနိုင်ပါတယ် ဆွဲထုတ်ထားတဲ့ db မလိုဘူးပေါ့ဗျာ ဒါပေမယ့်ဖုန်းတိုင်းမရပါ)
Imei1 တွက် Sim1 Tab , Imei2 တွက် Sim2 Tab ရွေး (အခုစမ်းတဲ့ဖုန်းက Dual Sim မို့ IMEI နှစ်ခုနော်)
IMEI ထည့် Check Checksum ကိုအမှန်ခြစ်ထားရင် IMEI 15 လုံးမှာ 14 လုံးရိုက်ရင် နောက်ဆုံးအလုံး
auto generate ပါ ဖြုတ်ထားရင်တော့နောက်ဆုံးအလုံးပါ ကြိုက်တာရေးလို့ရမယ် imei ရိုက်လို့ပြီးရင်
Download Flash နှိပ်ပြီးရေးနိုင်ပါပြီ ပုံ ၅ကလို Download IMEI to Flash Successfully ပေါ်ရင်
ရပါပြီ Disconnect နှိပ်ပြီးဖုန်းကို Power ဖွင့်လိုက်ပါ IMEI ပြန်ရပါပြီ
အမှားပါရင်ခွင့်လွှတ် လိုအပ်တာရှိရင်ဖြည့်စွက်ပေးသွားကြပါ
အဆင်ပြေကြပါစေ
JojOe
PDF အနေနဲ့ဒေါင်းချင်ရင် > http://www.mediafire.com/file/5wlv1xkhg87z02o/MTK_IMEI_JojOe.pdf
No comments: