emmcdl using

ကျနော် တို့ Huawei Qualcomm ဖုန်းတွေကို Emmc လဲ ချင်တာပဲဖြစ်ဖြစ် emmc မလဲ ပဲ နဂို emmc ကိုပဲ ဖြစ် ဖြစ် Ic data ရေးဖို့ အတွက်
အခုချိန်မှာ Box တွေ Dongle တွေမလိုတော့ ပါဘူး တော်တော် များများ အလုံးတွေကို ခုကျနော် ပြောပြမဲ့ နည်းနဲ့ အဆင်ပြေပြေ data ရေးနိုင်မှာ ဖြစ်ပါတယ် ။  Dload ထဲက update.app လေး ပဲ လိုတယ်
တကယ် တော့ ဒီနည်းနဲ့ေ၇းတာက ဘာတွေအတွက်ကောင်းလဲ ဆို၇င် Board Firmware ရေးသလို Noti , Theme error တွေ မတက် ပါဘူး

ဟုတ် ပြီ အဲ့ တော့ လိုအပ်တာလေးတွေ စပြော ပါမယ်

1 Emmcdl.exe
2 Programer file (သူကတော့ Board Firmware ထဲ က bootloader image folder ထဲက xxxx_Msimage.mbn ရယ် MPRGxxxx.mbn ရယ် )
3 update.app

partition ပိုင်းထားတဲ့ emmc ကိုကျနော် တို့ ဖုန်းမှာ ကပ် လိုက် တာနဲ့ 9008 Mode ကို auto ရောက်နေမှာပါ
ဒါမှ မဟုတ် နဂို emmc က ကောင်းနေသေးလို့ မလဲ ရဘူး ဆိုရင် တော့ ဖုန်းကို 9008 ကို ၀င်လိုက်  ပါ

Adb သိနေသေးတယ် ဆိုရင်
adb reboot edl လို့ရိုက်လိုက်  device manager မှာ 9008 ဆိုတဲ့ port တစ်ခုသိနေမှာ ဖြစ် ပါတယ်

emmcdl .exe ရယ်  Programer file (သူကတော့ Board Firmware ထဲ က bootloader image folder ထဲက xxxx_Msimage.mbn ရယ် MPRGxxxx.mbn ရယ် ) ရယ် ကို အတူရောပြီး  Folder တစ်ခုထဲ မှာ ရော ထား ပါ

လိုအပ်တာတွေ ပြင်ဆင်ပြီးသွားပြီ ဆိုရင်

cmd box ခေါ်လိုက်ပါ

စရိုက်ရမဲ့ command က

emmcdl -l

အဲ့လို ရိုက်လိုက် ရင်
Qualcomm HS-USB QLoader (COM 4 ) ဆိုပြီးပေါ်နေလိမ့်မယ်

ကျနော် Computer မှာ တော့ COM 4 နဲ့ တက်လို့ ပါ ခင်ဗျားတို့ Computer မှာတော့ COM port နံပါတ်တစ်ခုခုနဲ့ တက်နေလိမ့်မယ်

နောက်တစ်ကြောင်း command ဆက်ရိုက်ပါမယ်

emmcdl -p COM 4 Memoryname EMMC -f MPRGxxxx.mbn -i xxxx_msimage.mbn
အဲ့ နေရာမှာ ပြောစရာတစ်ခု ရှိပါတယ် ဘာလဲ ဆိုတော့

MPRGxxxx.mbn လို့ရေးရတာက xxxx နေရာမှာ Cpu နံပါတ်ကို ထည့်ပေးရမှာ ပါ (ဥပမာ MPRG8x10.mbn) ကျနော်ရေးသမျှ xxxx တွေဆိုတာ cpu နံပါတ်တွေကို ဆိုလိုတာပါ

ဆက်သွားပါမယ်

အပေါ်က command ကို ရိုက် လိုက်လို့ command က ဖုန်းအတွက် bootloader img ကို ရေးလိုက်တာဖြစ်တဲ့အတွက်
ဖုန်းက Fastboot mode ထဲကိုရောက်သွားမှာ ဖြစ်ပြီး Tri colour ပေါ်နေလိမ့်မယ် device manager မှာ Android bootloader interface ဆိုပြီး ပေါ်နေမယ်

fastboot devices လို့ ရိုက်လိုက်

command box မှာ device ဆိုပြီးပေါ်နေမယ်

အဲ့ဒါဆိုရင် ကျနော်တို့ update.app ကို Huawei update extractor ဆိုတဲ့ software သုံးပြီးဖြည်ချလိုက်

ဖြည်ချလိုက်ပြီး မလိုအပ်တဲ့ header file တွေကို ဖျက်လိုက်ပါ

ပြီးရင် အောက်က command တွေဆက်ရိုက်ပြီး partition တွေကို flash ပေးပါ
အဲ့နေရာမှာ ပြောချင်တာက update.app ကိုဖြည်ချထားတဲ့ ထဲက gpt ဆိုတဲ့ partition ကို အရင် flash ပေးပါ
gpt ကို အရင် မflash ရင် တခြား partition တွေကို flash လို့ ရမှာ မဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ GPT က partition တွေကို သက်မှတ်ပိုင်းခြားပေးတဲ့ partition တစ်ခုမို့ပါ
အဲ့တော့ စမယ်

fastboot devices

fastboot  flash partition GPT.img

အဲ့ ဒီ command ရေးပြီး သွားတာနဲ့ ကျန်နေတဲ့ partiton တွေ ဆက်ရေးမယ် ။ update.app ကိုဖြည်ချ ပြီးရင် ပြန်ရေးစရာ မလိုတဲ့ partitons တွေလဲ ရှိပါတယ် အဲ့ဒါတွေက
AMSS_VER.img တို့ AMSS_VERLIST.img တို့  ဒါက သဘောတရားပြောပြတာပါ

ကျန်တဲ့ partitions တွေ ဆက်ရေးပါမယ်

fastboot flash boot boot.img
fastboot flash recovery recovery.img
fastboot flash system system.img
နောက်ထက်ကျန်နေသေးတဲ့ partitions တွေကိုလဲ အပေါ် မှာ ပြထားတဲ့ fastboot command သုံးပြီး ဆက် flash ပေးပါ

ဒီနေရာမှာလဲ တစ်ခုပြောချင်ပါသေးတယ်
update.app ကို ဖြည်ချလိုက်တဲ့ ထဲမှာ oeminfo ဆိုတဲ့ partition မပါလာပါဘူး
အကောင်းတစ်လုံးထဲက နေ backup လုပ်ပြီး ရေးပေးရပါမယ်
oeminfo  ဆိုတဲ့ partition ကို မေ၇းပေးရင် theme တွေ noti တွေ error တက်မှာပါ
ဒါကြောင့် အကောင်းတစ်လုံးကနေ back up လုပ်ပြီး ရေးပေးပါ

ရေးရမဲ့ command ကလဲ ခုဏလိုပါပဲ

fastboot flash oeminfo oeminfo.img

အားလုံးပဲ အဆင်ပြေကျပါစေ

Download PCloud Link

Download Mediafire Link

Credit : Chit Min Zaw

No comments:

Powered by Blogger.