MIUI9 Feature

MIUI9
Split Screen
MIUI9နဲ့ Feature တစ်ခုအနေနဲ့ပါဝင်​လာပါတယ်​။
လုပ်ငန်းစဉ် နှစ်ခုကို ပြိုင်တူလုပ်ဆောင်ခွင့်ရစေမယ့် ဒီလုပ်ဆောင်ချက်ကိုအသုံးပြုဖို့အတွက် Menuခလုတ်ကိုထိပြီးပေါ်လာမယ့် Recent Application Trayရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Split Screen Modeကို ရွေးချယ်ရမှာပါ။ 
တစ်ခုသိထားရမှာက တစ်ချို့ applicationတွေနဲ့ စကေးကျဖန်တီးထားရတဲ့ Gameတွေ ဒီလုပ်ဆောင်ချက်နဲ့ အံ့ဝင်မှာမဟုတ်ပါဘူး။ တစ်​ဝက်​စီတင်​မကဘဲ အလယ်​ကအဆက်​​နေရာ​လေးက​နေဆွဲပီး စိတ်​ကြိုက်​ screen ကိုပြုပြင်​နိုင်​သလို ​ဆော့ဝဲနှစ်​ခုကို အထက်​​အောက်​​ပြောင်းချင်​ရင်​လည်း အလယ်​ကအဆက်​​လေးကိုနှစ်​ချက်​ဆင့်​နှိပ်​​ပေးလိုက်​ပါ။

Controls & Gestures
တစ်နေရာတည်းကနေ Gesturesတွေသုံးပြီး Control လုပ်နိုင်ပါတယ်​။

Lunch Camera
Lunch camera ဆိုတာက​တော့ကင်​မရာထဲကိုအလွယ်​​ဝင်​ဖို့အတွက်​ပါ။ လုပ်​ချင်တယ်​ဆိုရင်​settings>additional settings>button and gesture shortcuts>lunch camera>select လုပ်​ပါ။
ဥပမာ-home key ကို​ရွေးထားတယ်​ဆိုရင်​ home ခလုတ်​ကိုဖိထားရုံနဲ့ camera ထဲကိုအလွယ်​ဝင်​​ရောက်​နိုင်​မှာဖြစ်​ပါတယ်

Turn Off Screen
Turn off screen ဆိုတာက​တော့
screen အလွယ်​ပိတ်​ချင်​တဲ့သူများအတွက်​ပါ။
လုပ်​ချင်​တယ်​ဆိုရင်​ settings>additional settings>button and gesture shortcuts>turn off screen>select လုပ်​ပါ။ ဥပမာ-home key ကို​ရွေးထားတယ်​ဆိုရင်​ home ခလုတ်​ကိုဖိထားရုံနဲ့ screen အလွယ်​ပိတ်​နိုင်​မှာဖြစ်​ပါတယ်​။

Turn On Touch
Turn on torch ဆိုတာက​တော့ flash light အလွယ်​ဖွင့်​တာပါ။ လုပ်​ချင်​တယ်​ဆိုရင်​​တော့ settings>additional settings>button and gesture shortcuts>turn on torch>select လုပ်​ပါ။
ဥပမာ-home key ကို​ရွေးထားတယ်​ဆိုရင်​ home ခလုတ်​ကိုဖိထားရုံနဲ့ flash light ကိုသုံးနိုင်​မှာပဲဖြစ်​ပါတယ်​။

Take A Screenshoot
Take a screenshoot ဆိုတဲ့​နေရာမှာအရင်​ကလက်​သုံး​ချောင်းနဲ့ဆွဲပီးရိုက်​တာအပြင်​ ​နောက်​ထပ်​အသစ်​ 6 ခုတိုးလာပါတယ်​။
လုပ်​ချင်​တယ်​ဆိုရင်​ settings>additional settings>button and gesture shortcuts>take a screenshoot>select လုပ်​ပါ။ ဥပမာ-home key ကို​ရွေးထားတယ်​ဆိုရင်​ home ခလုတ်​ကိုဖိထားရုံနဲ့ screen shoot ရိုက်​နိုင်​မှာဖြစ်​ပါတယ်​။

Home Screen Customization
ဖုန်းမျက်နှာပြင်က နေရာအထားအသိုတွေကို စီမံတည်းဖြတ်ဖို့ ပိုမိုလွယ်ကူပြီး အဆင်ပြေပြေ ချောချောမွေ့မွေ့ရွှေ့ပြောင်းလို့ရအောင် ပြုပြင်ထားပါတယ်။
အရင်တုန်းက Home Screen ပုံသေသတ်မှတ်ဖို့ လက်ချောင်း(၃)ချောင်းကို Screenပေါ် နည်းနည်းချဲပြီး ပြိုင်တူထောက်ထားရာကနေ စုစည်းလိုက်တဲ့အနေအထားမှာမှ ပေါ်လာတဲ့ စာမျက်နှာတွေထဲကတစ်ခုကို ပုံသေ Home Sreenအဖြစ် သတ်မှတ်ပေးလို့ရတာပါ။
အခု ပြန်လည်ပြုပြင်လိုက်ပြီးနောက်မှာ Menu Keyကို နည်းနည်းကြာကြာထိထားလိုက်ရုံနဲ့ Wallpaper, Widgetsနဲ့ Settingဆိုတာတွေ ပေါ်လာမှာဖြစ်ပြီး Settingကတစ်ဆင့် Default screen setting ကို ရွေးချယ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ စာမျက်နှာကို ပုံသေသတ်မှတ်လို့ရပါတယ်။
ဒါ့အပြင် applicationတွေကို နေရာပြောင်းရွှေ့ချင်ရင်လည်း Home Screenပုံသေသတ်မှတ်ဖို့ လုပ်ရတဲ့အခါမှာ Wallpaper, Widgetsနဲ့ Settingဆိုတာတွေ ပေါ်လာတဲ့အဆင့်ထိ အစောပိုင်းလုပ်ဆောင်ချက်အဆင့်တွေက အတူတူဖြစ်ပြီး အဲ့ဒီနေရာရောက်ရင် ကိုယ်ရွှေ့ချင်နေတဲ့Applicationတွေကို ရွေးချယ်ပြီး တရွတ်တိုက်ဆွဲသွားရင် စာမျက်နှာအားလုံးအရွယ်အစားသေးသေးနဲ့ အောက်ဘက်မှာ လာရောက်စုစည်းသွားကြပါတယ်။
အဲ့ဒီအခါ ကိုယ်တရွတ်တိုက်ဆွဲလာတဲ့ Applicationတွေကို ရွေ့ချင်နေတဲ့စာမျက်နှာထဲ ပစ်သွင်းလိုက်ရုံပါပဲ။
မပစ်သွင်းချင်ရင်းလည်း ပစ်သွင်းဖို့ရွယ်လိုက်တာနဲ့ အဲ့စာမျက်နှာဆီ ရောက်သွားပြီဖြစ်လို့ Applicationတွေကို အဲ့နေရာမှာ လက်လွှတ်လိုက်ရုံနဲ့ ရည်ရွယ်ထားတဲ့စာမျက်နှာမှာ Applicationတွေကို ရွှေ့ပြီးသား ဖြစ်သွားပါတယ်​။

Display File Transfer Speed in File Explorer Application
File Explorerထဲမှာ Data ကူးယူရွှေ့ပြောင်းတဲ့အခါမှာ အမြန်နှုန်းကိုပါ တစ်ခါတည်းပြသပေးသွားမှာဖြစ်လို့ ကူးယူရွှေ့ပြောင်းနေတဲ့အခြေအနေကို အလွယ်တကူသိရှိနိုင်ပါတယ်။
Screen Recorder 
လုပ်ဆောင်ချက်တွေထဲမှာ အမျှော်လင့်ဆုံးခံရတဲ့ထဲကတစ်ခုဖြစ်တဲ့ မိမိရဲ့ ဖုန်းထဲက လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားလို့ရမယ့်  Screen Recorderလုပ်ဆောင်ချက်ပါ။ record လုပ်​ချင်​တယ်​ဆိုရင်​​တော့
Screen recorder icon ကိုနှိပ်​ပါ။ ပီးရင်​ဘယ်​ဘက်​​အောက်​​ခြေက video camera ​လေးကိုနှိပ်​​ပေးလိုက်​ရင်​ screen ​ပေါ်မှာ​ shortcut အ​နေနဲ့​ပေါ်​နေမှာပါ။ အဲ့ shortcut မှာ startခလုတ်​ကိုနှပ်​ပီး screen record လုပ်​နိုင်ပါတယ်​။Smart Notification filter
Notiတက်တာ စိတ်အနှောင့်အယှက်ဖြစ်နေရင်​၊
အရေးကြီးတဲ့ notificationတွေ အရေးမကြီးတဲ့ Notificationတွေကြား ညှပ်နေရင်
ဒီ Notification filterကနေ သုံးစွဲသူရဲ့ သုံးစွဲပုံအလေ့အထကိုလေ့လာပြီး အရေးကြီးပုံအဆင့်သတ်မှတ်ချက်ကို ခွဲခြားစိစစ်ပေးနိုင်ပါတယ်။
ခွဲခြားသတ်မှတ်တတ်အောင် သီးခြားလေ့ကျင့်ပေးလို့လည်း ရပါတယ်။

Noti bar မှာ တက်လာတဲ့ Notificationထဲက အရေးမကြီးတဲ့ဟာတွေကို ညာဘက်ကနေ ဘယ်ဘက်ကိုတွန်းပို့လိုက်တာနဲ့ ညာဘက်ထောင့်မှာ unimportantဆိုတဲ့ ခလုတ်လေးပေါ်လာမှာဖြစ်ပြီး အဲ့ဒါကိုရွေးချယ်လိုက်တာနဲ့ အရေးမကြီးတော့တဲ့ Notificationအဖြစ် နောက်ပိုင်းတွေမှာ ခွဲခြားပေးပါတယ်။ Unimportant Notificationတွေကို ပြန်ကြည့်ချင်ရင်တော့ Noti barရဲ့အောက်ခြေမှာခေါက်သိမ်းပြီးဖွက်ထားတာထဲဝင်ပြီး ကြည့်လို့ရပါတယ်။
အဲ့Notificationတွေထဲက ကိုယ်အရေးကြီးတယ်လို့ပြန်သတ်မှတ်ချင်တဲ့ဟာကို unimportantလုပ်သလိုပဲ ညာဘက်ကနေ ဘယ်ဘက်ကိုတွန်းပို့လိုက်တာနဲ့ ညာဘက်ထောင့်မှာ importantဆိုတဲ့ခလုတ် ပေါ်လာမှာပါ။
အဲ့ဒါကိုရွေးပြီး importantလုပ်လိုက်ရင် အရေးကြီး Notificationစာရင်းထဲ ပြန်ဝင်သွားပါတယ်။

Lock Screen Shortcut
အသုံးများတဲ့လုပ်ဆောင်ချက်တွေကို Shorcutအနေနဲ့ Lock Screenကနေ ဝင်ရောက်အသုံးချလို့ရအောင် ထားထားပေးပါတယ်။
အရင်က MIUI8မှာ ဓာတ်မီးကိုသုံးချင်ရင် Home buttonကို ကြာကြာထိထားရပါတယ်။
ဒါမျိုးက fingerprintပါတဲ့ Home buttonမှာ အဆင်မပြေတော့တဲ့အတွက် MIUI9မှာတော့ Lock Screenမှာ Shortcut ထုတ်ပေးလိုက်တာပါ။
ဒီ Shortcutတွေကိုသုံးဖို့ Lock Screenမှာ ဘယ်ကနေညာကို ဘေးတိုက်တွန်းပေးလိုက်ရုံပါပဲ။Silent Mode
အရင်ကတော့ Silent Mode ကို သုံးဖို့ Toggleကိုထိရင်ထိ မထိရင် Volume bar ကို အဆုံးထိအသံတိုးပစ်တာပါပဲ။
အခုတော့ Volumeခလုတ်နှိပ်လိုက်တာနဲ့ Volume bar ပေါ်လာပြီး ညာဘက်ထိပ်မှာ Silent Mode ကိုသုံးဖို့ အဖွင့်အပိတ်ခလုတ်လေးကို Onပေးရပါတယ်။
Silent မလုပ်ပဲ DND(Do not disturb) ကို On ရင်လည်း ရပါတယ်။
Silent Modeဆိုရင် ဝင်လာသမျှ  အဝင်ဖုန်းခေါ်သံတွေနဲ့ Notificationတွေကို အသံမထွက်စေရပါဘူး။
DNDဆို နှိုးစက်သံကလွဲရင် ကျန်တာတွေကို အသံမထွက်စေတဲ့အပြင် Vibrateပါ မလုပ်တော့ပါဘူး။
Silent Mode နဲ့ DNDနှစ်ခုလုံးကို Timerပေးထားလို့ရတဲ့အတွက် ဘယ်အချိန်မှာ နဂိုအတိုင်း အသံပြန်ထွက်စေချင်လဲဆိုတာ သတ်မှတ်ပေးထားလို့ရပါတယ်။

Image Search
MIUI 9မှာ ကိုယ့်ဖုန်းထဲကပုံတွေကို ကိုယ်ရှာချင်တဲ့အချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးခွဲခြားသွားနိုင်ပြီဖြစ်လို့ Galleryထဲမှာရှိတဲ့ပုံမှန်သမျှထဲကနေ ဘာကိုရှာရှာ ရှာလို့ရပါတယ်။
ပြောရရင် Google Image Search Engineဆန်ဆန် အတော်အသုံးတည့်မယ့် လုပ်ဆောင်ချက်လေးပါ။.

Manage Applications in Security Application
အသစ်အသစ်သောပြုပြင်မွမ်းမံမှုတွေနဲ့အတူ Security Applicationကနေ Applicationတွေအားလုံးရဲ့ ဘယ်အချိန်မှာနောက်ဆုံးအသုံးပြုခဲ့တယ်ဆိုတဲ့ လှုပ်ရှားမှုမှတ်တမ်းကအစ၊ Internet Data ဘယ်လောက်ထိ စားသုံးသွားလဲဆိုတာအလယ်၊ ဘယ်လောက်အားစားသုံးတယ်အဆုံး သိနိုင်ပြီး လိုအပ်သလို ထိန်းချုပ်​လို့ရပါတယ်​။

Quick Switch Feature
Menu Key ကို နှစ်ချက်အမြန်ထိခြင်းဖြင့် Applicationနှစ်ခုကြား အပြန်အလှန်အလျင်အမြန် ကူးလူးသွားလာနိုင်သွားတဲ့လုပ်​​ဆောင်​ချက်​တစ်​ခုပါ။ ​application နှစ်​ခုကိုတစ်​လှည့်​ဆီအလျင်​အမြန်​ကူး​ပြောင်းသွားပါတယ်​။

Message
ဒီနေ့ Message၊ မနေ့က Messageနဲ့ အရင်ကပို့ခဲ့တဲ့ Messageတွေကို အချိန်တွေနဲ့ (၃)ပိုင်းခွဲခြားပေးထားတဲ့အတွက် Message ​တွေကိုစိစစ်ရတာပိုမိုလွယ်ကူသွားပါတယ်။

Personal Hotspot
Hotspotလွှင့်ပြီး ကိုယ့်Hotspotကို ဘယ်နှစ်လုံးလာချိတ်လို့ ချိတ်ထားမှန်းမသိရသေးတဲ့ကိစ္စက MIUI9မှာတော့ မရှိတော့ပါဘူး။
ကိုယ့်Hotspotကို တစ်လုံးကနေ ခြောက်လုံးထိပဲချိတ်ဆက်လို့ရအောင် ထိန်းချုပ်ထားလို့ရသလို အလုံးအရေအကန့်အသတ်မရှိချိတ်ဆက်လို့ရအောင်လည်းသတ်မှတ်ထားလို့ရပါတယ်။ 
လိုသလိုထိန်းချုပ်ပြီး Blockချင်တဲ့ Deviceကို Block လိုက်လို့ရပါတယ်။

Display Charging Speed
Real Time Monitorကနေ Voltageနဲ့ Currentစီးဆင်းတဲ့ပမာဏတွေကို Chargingသွင်းနေတုန်း စစ်ဆေးလို့ရပါတယ်

Smart Application Launcher
စာသားတစ်ခုခုကို အဓိပ္ပာယ်သော်လည်းကောင်း အကြောင်းအရာသော်လည်းကောင်း အပြည့်အစုံသိချင်တဲ့အခါ Browserဖွင့်ပြီး Googleခေါက်ရှာနေစရာမလိုပဲ စာသားပေါ် Long press လုပ်လိုက်တာနဲ့ အချက်အလက်တွေကိုရှာဖွေပေးတဲ့လုပ်ဆောင်ချက်​ဖြစ်​ပါတယ်​။

Smart Assistant or Quick Card
ကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ အသုံးများတဲ့ Applicationတွေကို စီထားပေးတဲ့အတွက် လွယ်ကူလျင်မြန်စွာ ဝင်ရောက်သုံးစွဲနိုင်စေတဲ့ လုပ်ဆောင်ချက်ဖြစ်​ပါတယ်​။
Home Screenမှာ ဘယ်ကနေ ညာကိုဘေးတိုက်ရွှေ့ခြင်းဖြင့် Smart Assistantရှိတဲ့စာမျက်နှာကို ရောက်ပါလိမ့်မယ်။
Google Assistantလိုသုံးလို့ရတဲ့ ဒီလုပ်ဆောင်ချက်ကို China ROM မှာပဲ တွေ့ရမှာပါ။

Credit facebook comment

No comments:

Powered by Blogger.